၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (တတိယပတ်)တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းဒေသ၌ ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် (၁၂၆၀-၁၂၇၀) ကျပ်ဖြင့် ဈေးကောင်းပေးဝယ်နေ၍ ပြည်ပဝယ်လိုမှု မြင့်တက်လာမှုကြောင့် စီးဆင်းမှုမှာ ယခင်အပတ်ထက် ပိုများလာပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၂၅၀၀ ကျပ်၊ ထူး ၂- ၃၅၀၀ ကျပ်၊ ထူး ၃-၅၀၀၀ ကျပ်၊ ထူး ၄-၆၀၀၀ ကျပ်၊ ထူး ၅-၇၀၀၀ ကျပ်၊ ထူးလွန်-၈၅၀၀ကျပ်နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး ဈေးကွက်ဝယ်လိုအား လျော့ကျသဖြင့် စီးဆင်းမှုမှာ ယခင်အပတ်တိုင်း ပုံမှန်ဖြစ် နေပါသည်။
အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီး S2/S3 (၅၅၀၀-၆၀၀၀) ကျပ်၊ မျက်နီ S1/S2 (၅၀၀၀-၅၅၀၀) ကျပ်၊ OK-၄၅၀၀ ကျပ်၊ A1-၃၅၀၀ ကျပ်၊ ဆွဲသီး-၃၀၀၀ ကျပ်နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ ကျပ်ဖြင့် အရည်အသွေးနိမ့်ကျမှုကြောင့် ဈေးကျဆင်းသွားသော်လည်း ဈေးကွက်ဝယ်လိုအား မြင့်တက်မှုကြောင့် စီးဆင်းမှုမှာ ပိုလာပါသည်။
ချင်းသီးနှံမှာ ဥသစ်အခက် တစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀) ကျပ်ဖြင့် ပြည်ပတင်ပို့မှု မရှိသောကြောင့် ဈေးကျဆင်းလျက်ရှိကာ စီးဆင်းမှုမှာ နည်းနေပါသည်။
ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ (၃၀၀၀-၃၅၀၀) ကျပ်၊ ပန်းမုံလာ (၁၅၀၀-၂၀၀၀) ကျပ်၊ ရွှေပဲ (၁၀၀၀၀-၁၃၀၀၀) ကျပ်၊ မုန်ညှင်း (၅၅၀၀-၆၀၀၀) ကျပ်၊ ဖရုံသီး (၁၅၀၀-၂၀၀၀) ကျပ်၊ ခရမ်းသီး (၃၀၀၀-၃၅၀၀) ကျပ်၊ ခရမ်းချဉ်သီး (၄၅၀၀-၅၅၀၀) ကျပ်၊ ငရုတ်ပွ (၁၅၀၀၀-၁၇၀၀၀)ကျပ်၊ မုန်လာဥနီ (၂၅၀၀-၃၀၀၀) ကျပ်၊ ဘိုစား (၈၀၀၀-၉၀၀၀) ကျပ်ဖြင့် အသီးသီးဈေးရှိနေကြပြီး ဂေါ်ဖီနှင့် ခရမ်းသီးသီးနှံတို့မှာ ဈေးကွက်အဝင်နည်းသဖြင့် ဈေးတက်လာပြီး ပန်းမုံလာသီးနှံမှာ ဈေးကွက်အဝင်များသဖြင့် ဈေးကျဆင်းသွားပါသည်။ ကုန်စိမ်းသီးနှံများမှာ ဈေးကွက်လိုအပ်ချက်အရ ဝယ်လိုအားကောင်းသော်လည်း ယခုကာလသည် ဒေသစုံမှ သီးနှံထွက်ရှိမှုရှိသဖြင့် စီးဆင်းမှုမှာ ယခင်အပတ်ထက် လျော့နည်းခဲ့ပါကြောင်း သိရှိရပါသည်။
https://www.doca.gov.mm
ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့်စီးဆင်းမှု အခြေအနေ
Category:
Local News